ကျွနု်ပ်တို့၏၀န်ထမ်းများ

FNF Myanmar

ကျွနု်ပ်တို့ဖောင်ဒေးရှင်းသည် ကမ္ဘာ့တစ်လွှားတွင်တာဝန်ထမ်းဆောင်နေသော အရည်အသွေးပြည့် ဝန်ထမ်း ၂၀၀ ကျော်ရှိပြီး လေ့လာသင်ယူခြင်း၊စူးစမ်းခြင်း၊ မိမိတို့တတ်သိသမျှ အသိပညာ၊ အတတ်ပညာနှင့်အတွေ့ အကြုံတို့ကို ဖောင်ဒေးရှင်ပြင်ပတွင်ကော ၊ဖောင်ဒေးရှင်းအတွင်း၌ပါ မျှဝေပေးခြင်း စသည်တို့ကို မြတ်မြတ်နိုးနိုး လုပ်ဆောင်တတ်ကြသော သအရည်အချင်းပြည့်ဝသည့်ဝန်ထမ်းများကို စုစည်းခေါ်ယူနိုင်သည့်အတွက်လည်း ကျွနု်ပ်တို့ကိုယ်ကျွနု်ပ်တို့ ဂုဏ်ယူပါသည်။ 
အရှေ့အာရှနှင့်အရှေ့တောင်အာရှဒေသများရှိ နိုင်ငံ ၉ နိုင်ငံတွင်အကောင်အထည်ဖော်ဆောင်ရွက်နေသော စီမံကိန်းများကို အရည်အချင်းပြည့်ဝ၍အတွေ့အကြုံများစွာရှိသော ဒါရိုက်တာများနှင့် မန်နေဂျာများကဦးဆောင် လျက်ရှိပါသည်။ 
နိုင်ငံအသီးသီးတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းအဖွဲ့များနှင့် သက်ဆိုင်ရာနိုင်ငံမှပြည်တွင်းဝန်ထမ်း အဖွဲ့များကလည်း ပညာရပ်နယ်ပယ်၊ ပုဂ္ဂလိကကဏ္႑နယ်ပယ်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းနယ်ပယ်၊ မူဝါရေးရာနယ်ပယ်စသဖြင့် နယ်ပယ်မျိုးစုံ၊ နောက်ခံအတွေ့အကြုံမျိုးစုံဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ 

Katrin Bannach

ကတ်ထရင်းဘန်နက်

မြန်မာနှင့် ထိုင်းနိုင်ငံဆိုင်ရာ ဒါရိုက်တာ

ကတ်ထရင်းဘန်နက်သည် ဖက်ဒရစ်နော်မန်ဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံဆိုင်ရာ စီမံကိန်းဒါရိုက်တာတစ်ဦးဖြစ်သည်။ သူမသည် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိပုဂိ္ဂုလ်များ၊ လွှတ်တော်များ၊ အစိုးရအဖွဲ့များနှင့် အနှောင်အဖွဲ့ကင်းမဲ့သည့် အဖွဲ့အစည်းများနှင့် အတူလက်တွဲ လုပ်ကိုင်ဆောင်ရွက်သည်။ သူမသည် ယခင်က အိန္ဒိယနိုင်ငံမှာ အခြေစိုက်သည့် ဖောင်ဒေးရှင်း၏ ဒေသတွင်းဆိုင်ရာ ရုံးတွင် ၅နှစ်ကြာကြာ လုပ်ဆောင်ခဲ့သည်။ ၎င်းအချိန်က သူမသည် ဖောင်ဒေးရှင်း၏ အိန္ဒိယ-ပါကစ္စတန် ဒိုင်ယာလော့နှင့် လူ့အခွင့်အရေး စီမံကိန်းများကို စီမံလုပ်ဆောင်ခဲ့သည်။ ကတ်ထရင်းဘန်နက်သည် လူမှုဗေဒဘာသာရပ်ဖြင့် မဟာတန်းဘွဲ့ကို ဟမ်းဘတ်တက္ကသိုလ် (ဂျာမနီနိုင်ငံ) မှ ရရှိထားသည်။ ထို့အပြင် သူမသည် နိုင်ငံတကာဥပဒေ နှင့် စိတ်ပညာဘာသာရပ်ကိုလည်း ဟမ်းဘတ်နှင့် စတတ်လန်ဘုရှ် (တောင်အာဖေရိက) တို့တွင် လေ့လာခဲ့သည်။

FNF Myanmar

ယက်လာဖရန့်ခ်

မြန်မာရုံး အကြီးအကဲ
FNF Myanmar

အောင်သူဟိန်း

စီမံကိန်းမန်နေဂျာ (တရားဥပဒေစိုးမိုးရေး အစီအစဉ်)

ကိုအောင်သူဟိန်းသည် ပွင့်လင်းမြင်သာမှုနှင့် ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များအပါအဝင် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကဏ္႑ကို မြှင့်တင်ပေးရန် လွှတ်တော်များနှင့် ဥပဒေနယ်ပယ်တွင် လုပ်ဆောင်နေသူများနှင့်အတူ လုပ်ဆောင်လျှက်ရှိသည်။ ဖောင်ဒေးရှင်းအတွင် အလုပ် မလုပ်မီက ကိုအောင်သူဟိန်းသည် World Vision and UNHCR တို့တွင် လုပ်ကိုင်ခဲ့ပြီး ကလေးသူငယ်အခွင့်အရေးနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းအတွေ့အကြုံများရှိခဲ့သည်။

FNF Myanmar

မင်းမောင်မောင်မျိုး

စီမံကိန်းမန်နေဂျာ (စီးပွားရေးဆိုင်ရာ လွတ်လပ်မှု အစီအစဉ်)

ဦးမင်းမောင်မောင်မျိုးသည် ၂၀၁၆ ဇွန်လမှ စတင်ကာ FNF Myanmar ၏ စီးပွါးရေးလွတ်လပ်မှုဆိုင်ရာ စီမံကိန်း၏ စီမံကိန်းမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေပြီး စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်းကာ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးကိုလည်းကောင်း ၊ စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ဈေးကွက်အတွင်း လွတ်လပ်ရ်ျ တရားမျှတသော ယှဉ်ပြိုင်လုပ်ကိုင်နိုင်စွမ်းများ တိုးတက်လာစေရန် လည်းကောင်းဆောင်ရွက်နေပါသည်။ ထို့အပြင် ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ.အစည်းများ ၊ ပညာရေးအဖွဲ.အစည်းများ ၊ တက္ကသိုလ်များ ၊ အသင်းအဖွဲ.များနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံအတွက် အသုံးဝင်မည့် တီထွင်ဆန်းသစ်သောတွေးခေါ်ကြံဆမှုများနှင့်အတူ တီထွင်မှုများ တိုးတက်စေရန် ဆောင်ရွက်ပေးနေပါသည်။ ဦးမင်းမောင်မောင်မျိုးသည် ILO, UNOPS, ACF, FRC အစရှိသော ကုလသမဂ္ဂ နှင့် အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ.အစည်းများတွင် စီမံချက်အရာရှိအနေဖြင့်လည်းကောင်း၊ စီမံကိန်းအထောက်အပံလုပ်ငန်းဌာနများဖြစ်သော စီမံရေးဌာနနှင့် ၀ယ်ယူထောက်ပံ့ရေးဌာနများတွင်လည်း လုပ်ကိုင်ခဲ့သည်။ သူသည် ဓါတုဗေဒ ဘာသာရပ်ဖြင့် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ဖွံ.ဖြိုးမှု ပညာ မဟာဘွဲ့ကို ရန်ကုန်စီးပွါးရေးတက္ကသိုလ်မှ ရရှိခဲ့ပါသည်။        

FNF Myanmar

နှင်းဝင့်နိုင်

စီမံကိန်းမန်နေဂျာ (လစ်ဘရယ်သဘောတရားမြှင့်တင်ရေးအစီအစဉ်)

မနှင်းဝင့်နိုင်သည် ဖက်ဒရစ်နော်မန်ဖောင်ဒေးရှင်း၏ မြန်မာရုံးတွင် လစ်ဘရယ်သဘောတရားမြှင့်တင်ရေး အစီအစဉ်၏ စီမံကိန်းမန်နေဂျာအဖြစ် ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလမှစပြီး အလုပ်လုပ်ကိုင်လျှက်ရှိသည်။ မနှင်း၀င့်နိုင်သည် နိုင်ငံရေးသိပ္ပံ၊ ဘောဂဗေဒ၊ သံတမန်ရေးရာနှင့် စိတ်ပညာဆိုင်ရာ ပညာရပ်များတွင် ကျွမ်းကျင်ပညာရှင် ဖြစ်သည်။ သူမသည် အပြည်ပြည်ဆိုင်ရာ အုပ်ချုပ်ရေးနှင့် သံတမန်ဆက်ဆံရေး ဘာသာရပ်ဖြင့် မဟာ၀ိဇ္ဇာဘွဲ့ကို အင်္ဂလန်နိုင်ငံ၊ အော့စ်ဖို့ တက္ကသိုလ်မှ ရရှိထားပြီး နိုင်ငံရေးသိပ္ပံနှင့်ဘောဂဗေဒ ဘွဲ့ကြိုကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ပြည်နယ်တက္ကသိုလ်တစ်ခုဖြစ်သည့် ကွင်းစ်ကော်လိပ်မှ ရရှိခဲ့သည်။ သူမသည် ဖက်ဒရစ်နော်မန်ဖောင်ဒေးရှင်းတွင် အလုပ်မဝင်ရောက်ခင်က ပညာရေးဆိုင်ရာ အစီအစဉ်များ၊ သတင်းအချက်အလက် လွတ်လပ်ခွင့်ဆိုင်ရာ အစီအစဉ်များနှင့် မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိထားသည့် နယ်မြေများတွင် ပုဂ္ဂလိကနှင့် အများပြည်သူ ထိပ်တိုက်တွေ့ဆုံးဆွေးနွေးရေးစသည့် အစီအစဉ်များနှင့် ပတ်သက်ပြီး လုပ်ငန်းအတွေ့အကြုံများရှိခဲ့ဖူးသည်။

FNF Myanmar

ခင်လွတ်လပ်ထွန်း

စီမံကိန်းလက်ထောက်
FNF Myanmar

Penluk Ngamdaeng

စာရင်းကိုင် (မြန်မာပရောဂျက်၊အရှေ့တောင်နှင့် အရှေ့အာရှ)
FNF Myanmar

ခင်မောင်ချို

မီဒီယာတာဝန္ခံ