ဆင်းမ် ဒီမိုကရေစီ

SIM Democracy

Board Gameကစားနည်းသည် လူအများ သင်ယူရာတွင် အထောက်အကူပြုသော ပျော်ရွှင်ဖွယ်ကောင်းသည့် ကစားနည်းတစ်ခုဖြစ်သည်။ ထိုကစားနည်းသည် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀များနှင့်ချက်ချင်းတိုက်ရိုက် ဆက်သွယ်နိုင်သော ပုံစံတူအခြေအနေကို တည်ဆောက်ပေးသည်။ ၄င်းကစားနည်းသည် ဖမ်းဆုပ်ကိုင်တွယ်၍မရသော သဘောရှိပြီး အဆင့်ဆင့် ဆန်းစစ်ေ၀ဖန်ပိုင်းခြားပြုလုပ်ရန်လိုအပ်သော အကြောင်းအရာများနှင့်အတူ လက်တွေ့သိမြင်ခံစားနိုင်သောအတွေ့အကြုံကိုရရှိစေပြီး ကျွနု်ပ်တို့၏သင်ယူလေ့လာမှုနှင့် တစ်ဘဝစာလုံးအတွက် အရေးပါသော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်စေသည့် ကစားနည်း တစ်ခုလည်းဖြစ်သည်။ 

ဆင်းမ် ဒီမိုကရေစီသည် အလိမ်အကောက်များပါ၀င်သော သမာရိုးကျ Board game ကစားနည်း တစ်ခုဖြစ်သည်။ ထိုင်းနိုင်ငံတွင်ရှိသော ဖက်ဒရစ်နော်မန်ဖောင်ဒေးရှင်းမှ ၂၀၁၁ ခုနှစ်တွင် ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ပြည်သူ့ရေးရာမူဝါဒများနှင့် ဒီမိုကရေစီဆန်သောလူ့အသိုက်အ၀န်းဆိုင်ရာ အသက်၀င်ပုံ အခြေခံများကို ပထမဆုံးအကြိမ် မဲပေးကြရမည့်သူများနှင့် အရွယ်ရောက်စ လူငယ်များ ပိုမိုနားလည်စေရန် ရည်ရွယ်လျက် အပြန်အလှန် အကျိုးသက်ရောက်မှုရှိစေသော နည်းတစ်ခုအဖြစ် အရုပ်ပညာရှင်နှင့် ဒီမိုကရေစီပညာရှင်တို့ ပူးပေါင်း၍ ပုံဖော်ခဲ့ကြခြင်းဖြစ်သည်။ ရည်ရွယ်ချက်မှာ အဖြေကို ပေးခြင်းမျိုးမဟုတ်ဘဲ မေးခွန်းများ ထပ်မေးလာစေဖို့အတွက်လှုံ့ဆော်ရန်ဖြစ်သည်။ ပြည်သူ့ရေးရာကိစ္စများတွင် ပိုမိုစိတ်၀င်စားလာစေရန် ဖြစ်သည်။ 
သာမန် ဒီမိုကရေစီဆန်သောလူ့အသိုက်အ၀န်းတစ်ခုကို လက်တွေ့သရုပ်ဖော်ကြည့်ခြင်းအားဖြင့် ဒီမိုကရေစီဆန်သောလူ့အဖွဲ့အစည်းအတွင်းရှိ အမျိုးမျိုးသော အခန်းကဏ္႑များကို သင်တန်းတက်ရောက်သူများမှ ယူသွားတတ်စေရန်၊ အစိုးရ၏အခန်းကဏ္႑ သို့မဟုတ် သာမန်အရပ်သား၏ အခန်းကဏ္႑ စသည်ဖြင့် ယူသွားတတ်စေရန် ဆင်းမ်ဒီမိုကရေစီက ပြုလုပ်ပေးသည်။ အစိုးရ၏အခန်းကဏ္႑တွင် ရသုံးမှန်းခြေငွေစာရင်းများ ရေးဆွဲခြင်း၊ အရင်းအမြစ်များကို ခွဲေ၀ခြင်းနှင် ့သုံးစွဲခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ အခြေခံအဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ ပြည်သူ့ကျန်းမာရေး၊ လုံခြုံရေး၊ ပြည်သူ့ပညာရေး၊ သဘာ၀ပတ်၀န်းကျင် ကာကွယ်ရေးစသည့် မူဝါဒနယ်ပယ် ၄ ခုတွင် နိုင်ငံသားများကို ထောက်ပံ့ခြင်းစသည်တို့ ပါ၀င်သည်။ နိုင်ငံသားများ၏အခန်းကဏ္႑တွင် ၀င်ငွေရှာခြင်း၊ အခွန်ဆောင်ခြင်း၊ လူထုကရှေ့ဆောင်သောလှုပ်ရှားမှုများလုပ်ဆောင်ခြင်း၊ လှူဒါန်းခြင်းနှင့် အစိုးရကို စောင့်ကြ ည့််ခြင်းတို့ ပါ၀င်သည်။ အထူးသဖြင့် ဆင်းမ်ဒီမိုကရေစီ ကစားနည်းတွင် အဓိကအားဖြင့် အောက်ပါခေါင်းစဉ် ၄ ခု ပါ၀င်ပါသည်။ ၎င်းတို့မှာ 

  • လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ - ဒီမိုကရေစီသည် လုပ်ပိုင်ခွင့်အာဏာအတွက် ယှဉ်ပြိုင်နိုင်သော နိုင်ငံရေးစနစ်တစ်ခု ဖြစ်ခြင်း။
  • နိုင်ငံသားများ၏ ပူးပေါင်းပါ၀င်မှု - နိုင်ငံရေးနှင့် ပြည်သူ့ရေးရာများတွင် နိုင်ငံသားအနေဖြင့် ပြည်သူများက တက်ကြွစွာပါ၀င်ခြင်း။
  • နိုင်ငံသားများ၏ အခွင့်အရေးများ - နိုင်ငံသားအားလုံး၏ လူ့အခွင့်အရေးကို ကာကွယ်ခြင်း။
  • တရားဥပဒေစိုးမိုးရေး - ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများသည် နိုင်ငံသားအားလုံးအပေါ်တွင်တူညီစွာသက်ရောက်ခြင်း။

ဖက်ဒရစ်နော်မန်ဖောင်ဒေးရှင်းသည်အဆိုပါကစားနည်းဂိမ်းကိုမြန်မာဘာသာသို့ပြန်ဆိုပြီးဖြစ်သလို ဒေသအခြေအနေနှင့်ကိုက်ညီမှုရှိစေရန်သရုပ်ဖော်ပုံများကိုလည်းပြန်လည်ဒီဇိုင်းရေးဆွဲပြုစုပြီးဖြစ်ပါသည်။ ဆင်းဒီမိုကရေစီအားမြန်မာပြန်ဆိုထားသောစာအုပ်ကို ၂၀၁၄ခုနှစ်အောက်တိုဘာလကရန်ကုန်တွင် စတင်မိတ်ဆက်ခဲဲ့ပြီးဖြစ်သည်။ ထိုအချိန်မှစ၍ဆင်းဒီမိုကရေစီစာအုပ်ကို ပြည်ထောင်စုအဆင့် လွှတ်တော်များနင့် ရန်ကုန်၊မန္တလေး၊ကချင်၊ရခိုင်ကဲ့သို့သော ပြည်နယ်/ တိုင်းဒေသကြီး အဆင့်လွှတ်တော်များ သို့ပါလိုက်လံမိတ်ဆက်ပေးခဲ့ပါသည်။ ထို့အပြင် အဆိုပါဂိမ်းကစားနည်းကို ပြည်ထောင်စုဝန်ကြီးများ၊ အစိုးရအရာရှိများ၊ သံအမတ်ကြီးများ၊ သံတမန်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ လူမှုရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးကာကွယ်သူများ၊စီးပွားရေးသမားများနှင့် ရပ်ရွာလူမှုအသိုင်းအဝိုင်းခေါင်းဆောင်များက လက်တွေ့အသုံးချ ကစားခဲ့ကြသည်။